ကိုယ့်မျက်နှာမှာမှ ဝက်ခြံ ဘာလို့ မပြတ်ရတာလဲ
ဝက်ခြံ ဆိုတာ လူတိုင်း ဖြစ်ဖူးကြတဲ့ အသားအရေ ပြဿနာ တစ်ခုပါ။ မျက်နှာကို ခဏခဏ ထိတွေ့လို့၊ အသားအရေ ဂရုမစိုက်လို့၊ ဆယ်ကျော်သက် မို့လို့ စတဲ့ အကြောင်းကြောင်း ပေါင်းများစွာနဲ့ ဝက်ခြံပေါက်လေ့ ရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ကျမှ ဘာလို့ တခြားသူတွေထက် ဝက်ခြံ ပိုပေါက်နေတာလဲ ဒါမှမဟုတ် သူများလို အချိန်တန်လည်း ပျောက်မသွားဘဲ အလျင်မပြတ် ဝက်ခြံမွေးထားသလို ဖြစ်နေရတာလဲ။ ဒီမေးခွန်းတွေကို အဖြေရှာဖို့အတွက် ဝက်ခြံ ကို နောက်ကွယ်က ပံ့ပိုးနေတဲ့ အကြောင်းရင်းခံတွေကို လေ့လာကြည့်ရအောင် ဟော်မုန်း အပြောင်းအလဲ ဟော်မုန်း အပြောင်းအလဲတွေက ဝက်ခြံ ပိုပေါက်စေတဲ့ အဓိက အတွေ့အများဆုံး အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲက လူပျိုအပျိုဝင်စအချိန် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတွေမှာတောင်မှ ဖြစ်နိုင်ပါတယ်။ လူပျို ၊ အပျိုဖော်ဝင်ချိန် ပျိုဖော်ဝင်ချိန်ရောက်ပြီဆို ခန္ဓာကိုယ်မှာ Androgen (အန်ဒရိုဂျင်) လို့ ခေါ်တဲ့ လိင်ဟော်မုန်းတွေ တိုးပွားလာပါတယ်။ ဒီလို တိုးပွားလာတာဟာ သင့်အရေပြားမှာ ရှိတဲ့ အဆီအိတ်တွေကို အဆီပိုထုတ်လာအောင် လှုံ့ဆော်ပေးပါတယ်။ လုံလောက်တဲ့ သဘာဝအဆီ ရှိရင်တော့ အရေပြားကို ကာကွယ်ပေးပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ လိုတ